Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

Last Updated:

ဂျုံ

       ယနေ့ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၅၀၀) ကျပ်၊ဂျုံထွက်တိုးတစ်တင်းလျှင် (၄၃၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၀၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၂၅၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်တွင် ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်နှင့်ဂျုံထွတ်တိုးတစ်တင်းလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၄၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၄၃၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်တွင် ပဲစဉ်းငုံ တစ်တင်းလျှင် (၁၅၀၀)ကျပ် ဈေးမြင့်တက်လားကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၃၅၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၅၁၀၀၀) ကျပ်ဖြစ်၍ ယခုတစ်ပတ်တွင် မတ်ပဲ တစ်တင်းလျှင် (၂၅၀၀) ကျပ်မြင့်တက်လာပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၅၀၀၀  ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၅၅၀၀ ကျပ်ရှိသည်။ ယခုတစ်ပတ်တွင် တစ်တင်းလျှင် (၅၀၀)ကျပ်နှုန်း လျော့နည်းလာပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၄၅၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၁၀၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၁၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၇၈၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်တွင် ကုလားပဲမျိုးစုံ ဈေးအနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။

နှမ်း(မျိုးစုံ)

       နှမ်းမျိုးစုံ ယခုတစ်ပတ်တစ်တင်းလျှင် နှမ်းဖြူ (သစ်) (၆၁၅၀၀) ကျပ်၊ နှမ်းညို (သစ်) တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊နှမ်းနက် (သစ်) တစ်တင်းလျှင် (၇၃၀၀၀ )ကျပ်ရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှ နှမ်းဖြူ (သစ်) (၆၂၅၀၀) ကျပ်၊ နှမ်းညို (သစ်) တစ်တင်းလျှင် (၅၆၅၀၀) ကျပ်၊ နှမ်းနက် (သစ်) တစ်တင်းလျှင် (၇၃၀၀၀ )ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် နှမ်းညိုနှင့်နှမ်းဖြူ ဈေးအနည်းငယ်ကျဆင်းသွားပါသည်။ာ 

ပြောင်းဖူးစေ့(CP)

       ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၁၄၈၀၀) ကျပ်နှုန်းပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၁၆၆၀၀) ကျပ် ရှိ၍ တစ်တင်းလျှင် (၁၈၀၀)ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

Category: Local News